- Get link
- X
- Other Apps
Posts
ရွှေပြည်ကြီး မဝေးတော့ပြီ......
- Get link
- X
- Other Apps
ကျနော်လဲ ကွန်ပြူတာနဲ့ပတ်သက်တဲ့ တခြားပညာရပ်လေးတွေ လျှောက်ပြီးစမ်းသပ်လေ့ကျင့်နေတာနဲ့ ကျနော့်ဘလော့ထဲကို ဘာမှမရေးဖြစ်တာ ကြာပါပြီ. မကြာခင်လဲ ပြည်တော်ကို ပြန်ရတော့မှာဆိုတော့ ပြင်ဆင်စရာရှိလေးတွေ ပြင်ဆင်ရင်းနဲ့ပေါ့. ပြန်ရဖို့နီးလာလေ ပိုပြီ ပြန်ချင်လေပါပဲ. သူများနိုင်ငံမှာနေရတာကြာလာတော့ အမိနိုင်ငံကို အရမ်းကို ပြန်ချင်တာပဲ. ဒေါ်လာလေး ရလို့ ကြိတ်မှိတ်နေပေမယ့် ကိုယ်ဆီလောက်တော့ မပျော်ပါဘူး.. ဒီမှာ ပိုဆိုးတာက အစ္စလာမ္မစ်နိုင်ငံဖြစ်လေတော့ ပျော်စရာဆိုလို့ ဘာမှကို မရှိတာပါပဲ. အိမ်မှာပဲ တီဗွီထိုင်ကြည့်နေရတယ်. စိတ်အပန်းဖြေစရာဆိုလို့လေ. တစ်ခါတစ်လေ သူတို့ရဲ့ ပန်းခြံဆိုတာထဲသွားပြီး သမီးလေးကစားရအောင် ကစားကွင်း လိုက်ပို့တာကလွဲလို့ပေါ့. အကြမ်းဖက်တိုက်ခိုက်မှုတွေက အခုတလော မြို့တော်အထိ ရောက်နေတာဆိုတော့ ပိုပြီးအပြင်မထွက်တော့ပါဘူး. ဈေးဝယ်သွားရင်တောင် အမြန်ဝယ် အမြန်ထွက်ပါပဲ. ကံကြမ္မာဆိုတာ ပြောလို့မရဘူးလေ. ဒါကြောင့် သတိထားရတာပေါ့.... တစ်လထဲတင် ဗုံးခွဲတိုက်ခိုက်မှုတွေက လေးငါးခြောက်ကြိမ် ဆက်တိုက်ဖြစ်နေတာဆိုတော့ ဘယ်သူမကြောက်ရှိပါတော့မလဲဗျာ. တော်ကြာ ကိုယ့်လုပ်စာလေး ကိုယ်မစားလိုက်ရဖြစ်သွားနိုင်တယ်လေ. သတိ...
ကမာ့အုကီးဆုံးသရက်သီး
- Get link
- X
- Other Apps
ကျနော်လဲ ဘာမှမရေးဖြစ်တာကြာပြီ. အလုပ်တွေများနေတော့ ဒီဘက်ကို အာရုံမရဘူးဖြစ်သွားလို့ပါ. ဒါကြောင့်ဘာရေးမလဲ စဉ်းစားတော့ ရေးစရာကလဲ ထူးထူးခြားခြားမရှိဖြစ်နေတယ်. ဒါကြောင့် ဗဟုသုတရလိုရငြား သတင်းစာတစ်ခုမှာတွေ့ခဲ့တဲ့ သရက်သီုးကီးအေုကာင်း ရေးပေးလိုက်ပါတယ်. ဒီသရက်သီုးကီးကတော့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနိုင်ကျွန်းပေါ်မှာရှိတဲ့ အီလီဂယ်မြို့တွင်နေထိုင်သော ဆာဂျီယိုနှင့်မာရီယိုဆိုကော်ရိုးဇနီးမောင်နှံနှစ်ဦး၏နေအိမ်နောက်ဘက်ခြံဝန်းထဲက သရက်ပင်မှာ သီးခဲ့တဲ့သရက်သီုးကီးဖြစ်ပါတယ်. အဲဒီသရက်သီုးကီးက ၃.၅ ကီလိုတောင် လေးပါသတဲ့. အလျားအားဖြင့်တော့ ၁၂ လက်မရှိပြီး အချင်း ၇ လက်မရှိတယ်လို့ သိရပါတယ်. အတော်ကိုကီးတဲ့သရက်သီုးကီးပဲဗျ. ဒါေုကာင့် ဗဟုသုတရစေရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်.
အပန်းဖြေစခန်း မရီး(MUREE)
- Get link
- X
- Other Apps
ဒီအပတ်တော့ အစ္စလာမာဘတ် နေပြည်သူများ အထူးသဖြင့် ငွေကြေးတတ်နိုင်သူများ နွေရာသီအတွင်း နေ့စဉ်သွားရောက်ပြီး အပူရှောင်ကြသည့် တောင်ပေါ်ဒေသလေးတစ်ခုအကြောင်း တင်ပြချင်ပါတယ်. အဲဒါကတော့ ကျနော်တို့က မရီး လို့ ခေါ်တဲ့ (Muree) ဆိုတဲ့ တောင်ပေါ်မြို့လေးပဲ ဖြစ်ပါတယ်.နောက်တစ်မျိုးကတော့ ဒီတောင်ပေါ်ဒေသလေးကို Queen of Mountains လို့ ခေါ်ကြတယ် ပြောပါတယ်. ကျနော်တို့နိုင်ငံမှာ ဆိုရင်တော့ ပြင်ဦးလွင်လို နေရာမျိုးဖြစ်ပါတယ်. ဒီမြို့လေးဟာ ဆောင်းရာသီဆိုရင် နှင်းတွေခဲနေတဲ့ ရေခဲတောင် တစ်ခုလိုပါပဲ. ကျနော်တို့ သွားတာကတော့ နွေရာသီအတွင်း ဖြစ်တဲ့အတွက် ရေခဲကာလ မဟုတ်သေးပါဘူး. နောက်တစ်ခေါက် ရေခဲကာလမှာ သွားကြတော့ ကျန်းမာရေးမကောင်းလို့ မလိုက်နိုင်ခဲ့တဲ့အတွက် ရေခဲပြင်ပေါ်ကိုတော့ ကျနော်လဲ မလျှောက်ဖူးသေးပါဘူး. လာမည့်ဆောင်းရာသီမှာ သွားဖို့ စီစဉ်ထားပါတယ်. ဒီမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၇၅၀၀)အထက်မှာ တည်ရှိပြီး ပါကစ္စတန်မှာရှိတဲ့ အပန်းဖြေစခန်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်. ၁၈၅၀ခုနှစ်ကနေ ၁၉၄၇ခုနှစ်အထိ ဗြိတိသျှတို့ သိမ်းပိုက်ထားစဉ်ကာလအတွင်းမှာတော့ မရီးမြို့ဟာ ဗြိတိသျှတို့ရဲ့ တောင်ပေါ်စခန်းတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်. မရီးမြို့လေး...
Snow Lake ရေခဲကန်ကြီးတဲ့
- Get link
- X
- Other Apps
ကျနော်တော့ မရောက်ဖူးသေးပါဘူးဗျာ. ဒါပေမယ့်လဲ အလည်လာမဲ့သူများ သိရှိစေရန် ဒီ ရေခဲကန်ကြီးအကြောင်း ရေးလိုက်ပါတယ်. ဒီရေခဲကန်ကြီးက ပါကစ္စတန်နိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ ရှိပြီး ကာရာကိုရန်တောင်တန်းကြီးပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်. တကယ်တော့ ဒါကြီးက ရေကန်တော့ မဟုတ်ပါဘူးတဲ့. ရေခဲတောင်ပေါ်က ချိုင့်ဝှမ်းကြီးတစ်ခုပါပဲတဲ့. ၁၈၉၂ခုနှစ်လောက်က နိုင်ငံခြားခရီးသွား မာတင်ကွန်ဝေးဆိုတဲ့ လူက Snow Lake လို့ အမည်ပေးခဲ့တယ်လို့ ပြောပါတယ်. ဒီကန်ကြီးက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၆၀၀၀ ကျော်အထက်မှာ ရှိပြီး အကျယ်ကတော့ ၁၀ မိုင် ပတ်လည်လောက် ရှိတယ် ပြောပါတယ်. သွားလာရေးအလွန်ခက်ခဲတာကြောင့် တစ်နှစ်ကို ခရီးသွား ၂၀၀ လောက်သာ ဒီကန်ကြီးကို ရောက်ရှိနိုင်တယ်လို့ ပြောပါတယ်. အစ္စလာမာဘတ်မြို့တော်ကနေ စကာဒူးကို လေယာဉ် သို့မဟုတ် ကား များနဲ့ သွားနိုင်ပြီး အဲဒီကနေ ဒီကန်ကြီးဆီကိုတော့ ဂျစ်ကားအသေးစားလေးတွေနဲ့ သွားရတယ်လို့ သိရပါတယ်. ဒီနိုင်ငံရဲ့ ဗဟုသုတဖြစ်ဖွယ်ရာလေးတွေနဲ့ လှပတဲ့ရှုခင်းလေးတွေကို တင်ပြချင်လို့ ရေးပေးလိုက်တာပါ. ကျနော်ကိုယ်တိုင်လည်း မရောက်ဖူးသေးပါဘူး.ရေခဲကန်ကြီးရဲ့ အလှအပလေးတွေကို ခံစားနိုင်ရန် ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်.
ကုလားအုတ်ပုံပြင်လေး ပြောပြမယ်.
- Get link
- X
- Other Apps
ပါကစ္စတန်မှာ ကုလားအုတ်တွေ အရမ်းပေါတယ်လို့ ပြောလို့ ဘယ်မှာလဲဗျလို့ မေးကြည့်တဲ့အခါ ဒီလောက်များတဲ့ ကုလားအုတ်တွေ မမြင်ဘူးလားလို့ အဲဒီလူက ပြန်မေးပါတယ်. အဲဒီတော့ ကျနော်ကလဲ ဘယ်မှာလဲ မမြင်ပါဘူးလို့ ထပ်ပြောတဲ့အခါ ဒါကုလားအုတ်တွေ မဟုတ်လို့ ဘာတွေလဲဆိုပြီး လမ်းဘေးက ကုလားအုပ်စုတွေကို လက်ညှိုးထိုးပြပါတယ်. အော် ဟုတ်သားပဲ ကုလားအုပ်တွေ တော်တော်ပေါတဲ့ ပါကစ္စတန်ပါလားလို့ အဲဒီတော့မှ တွေးပြီး ရယ်ခဲ့ရပါတယ်. ဆန္ဒပြတဲ့အချိန်ဆို ကုလားအုတ်အကြီးအကြီးတွေတောင် တွေ့ရသေးပါတယ်. အဲဒီအချိန်ဆို ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ကြီးတွေ့ရပါလိမ့်မယ်တဲ့.............
ကမ္ဘ့ာ ဒုတိယအကြီးဆုံး ဆားမိုင်းကြီး
- Get link
- X
- Other Apps
တစ်နှစ်လျှင် လာရောက်လည်ပတ်သူပေါင်း ၄၀၀၀၀ ကျော်ရှိတယ်လို့ ပြောတဲ့ ပါကစ္စတန်ရဲ့ ဆားမိုင်းကြီးသို့ အလည်အပတ်သွားရောက်ခဲ့ပါတယ်. ဒီဆားမိုင်းကြီးက သက်တမ်းအရင့်ဆုံး ဆားမိုင်းကြီးလို့ ပြောပါတယ်. အစ္စလာမာဘတ်မြို့နဲ့ ကီလိုမီတာ ၁၆၀ လောက် ဝေးတဲ့ ပန်ဂျပ်ပြည်နယ် ဂျူလမ်ခရိုင် အတွင်းက ခရူးရာ ကျေးရွာမှာ တည်ရှိပါတယ်. ဒီဆားမိုင်းကြီးကို ဘီစီ ၃၂၀ လောက်က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်. မြေအောက်မှာ စတုရန်းကီလိုမီတာ ၁၁၀ လောက် ကျယ်ဝန်းတယ်လို့ သိရပါတယ်. ဒီ ဆားမိုင်းကြီးမှာ ဆားတုန်းကြီးတွေ စုစုပေါင်း သန်း ၂၂၀ တန် ရှိပြီး တစ်နှစ်လျှင် ဆားတန်ချိန် ၃၂၅၀၀၀ တန် ထုတ်လုပ်တယ်လို့လဲ သိရပါတယ်. ဒီဆားမိုင်းကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၈၈ တွင် တည်ရှိပြီး တောင်အ၀မှ အတွင်းသို့ ၇၅၀ မီတာအထိရှိသည် သိရပါတယ်. အတွင်းသို့ ဥမင်လိုင်ခေါင်းဖောက်လုပ်ထားရာ ၄၀ ကီလိုမီတာ ရှည်လျားပြီး လူစီးရထားတွဲလေးဖြင့် ၀င်ရပါတယ်. ဒီဆားတောင်တွင်ရှိတဲ့ ဆားတုန်းများသည် ၉၀ ရာခိုင်နှုန်း ဆားပါဝင်မှုရှိသည်ဟု သိရပြီး နှစ်ကာလကြာမြင့်သဖြင့် ဆားများသည် ရွှေဝါရောင်များ သန်းနေပြီး အလွန်လှပါသည်။ ဆားတောင် ဥမင်အတွင်းတွင် ဗလီအသေးစားလေးကို အလှဆောက်ထားသည်ကို တွေ့နိုင်သည...
ရှားရှားပါးပါး ပါကစ္စတန်မှ ဗုဒ္ဒအမွေအနှစ်များ
- Get link
- X
- Other Apps
ကျနော်လဲ အရင်က မသိခဲ့ပါဘူး. ပါကစ္စတန်ကို ရောက်မှပဲ အဆိုးဝါးဆုံးမွတ်စလင်နိုင်ငံထဲမှာ ဒီလောက်ဘာသာရေးအစွန်းရောက်တဲ့နေရာမှာ ဗုဒ္ဓရဲ့ရှေးဟောင်းအမွေအနှစ်တွေ ရှိနေတာ အံ့အားသင့်စရာပါ. အဲဒီနေရာလေးကတော့ ကျနော်နေတဲ့ အစ္စလာမာဘတ်မြို့အနောက်မြောက်ဘက် မိုင်(၂၀)လောက်အကွာမှာ တည်ရှိပါတယ်. တက္ကစီလာလို့ ခေါ်ပါတယ်. သမိုင်းကြောင်းအရတော့ ခရစ်တော်မပေါ်မီ ဘီစီ ၆ ရာစုနှစ်လောက်ကတည်းက ဒီနေရာဟာ ဂန္ဒာရန်မြို့ဆိုပြီး ဟင်ဒူနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ စာပေများ သင်ယူရာ ကျောင်းတော်ကြီး တက္ကသီလာဆိုတာ လို့ သိရပါတယ်. ရှေးအကျဆုံး အစောဆုံး တက္ကသိုလ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်. ဒီလောက်ဆိုးသွမ်းအစွန်းရောက်တဲ့သူတွေရှိတဲ့နေရာမှာ ရှားရှားပါးပါးဖြစ်ခဲ့တော့ ဖျက်ဆီးခံထားရတဲ့ စေတီတွေ၊ ရုပ်ပွားတော်တွေ တော်တော် နှမြောဖို့ ကောင်းပါတယ်. ဒါပေမယ့် ၁၉၈၀ခုနှစ်အတွင်းမှာတော့ ယူနက်စကိုက ဒီနေရာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့တော့ ထပ်မံဖျက်ဆီး မခံရတော့ဘူးလို့ လေ့လာသိရှိရပါတယ်. ဒီနိုင်ငံအစိုးရကလည်း ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားမယ့်ဒီနေရာကို ထိန်းသိမ်းထားခဲ့ပါတော့တယ်. တက္ကစီလာမျူစီယမ်မှာ ဗုဒ္ဓရဲ့ အမွေအနှစ်တွေကို ပြသထားပါတယ်. ကျနော်တို့ ငယ်...
ပါကစ္စတန်မှအထင်ကရဗလီကြီး(၂)
- Get link
- X
- Other Apps
ဒီဗလီကြီးဟာ အကျယ်အ၀န်းအားဖြင့် ဧရိယာစတုန်းရန်ပေ(၅၄၀၀၀)ဖြစ်ပြီး ဘုရားဝတ်ပြုသူ သုံးသိန်း တစ်ပြိုက်နက် ထိုင်ကန်တော့နိုင်တယ်လို့ သိရပါတယ်. Main Hall ကြီးက လူ တစ်သိန်း ဆံ့ပြီး အပြင် ရင်ပြင်ပေါ်မှာတော့ နှစ်သိန်း ဆံ့တယ်လို့ သိရပါတယ်. ဒီဗလီကြီးကို ဆော်ဒီအာရေးဗီးယားနိုင်ငံဘုရင် Faisal bin Abdul Aziz က ပါကစ္စတန်ကို အလည်လာရင်း လက်ဆောင်အဖြစ် တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်. ဒါကြောင့်လဲ သူ့ကို အစွဲပြုပြီး Faisal Mosque လို့ အမည်ပေးခဲ့တာပါတဲ့. ကျနော်တို့မိသားစု ပျင်းတဲ့အခါမှာတော့ ဒီဗလီကြီးကို သွားပြီး လည်ပတ်ကြပါတယ်. အရိပ်အရမ်းကောင်းတဲ့အတွက် အလွန်အေးမြပါတယ်. နွေရာသီ ပူတဲ့အခါမှာ လူအရမ်းစည်ကားပါတယ်. အရိပ်လာခိုရင်း ဘုရားဝတ်ပြုလာကြတာပေါ့ဗျာ. ကျနော်တို့ကတော့ အရိပ်ခိုသတ်သတ်ပေါ့. တခြားသွားစရာနေစရာလဲ သိပ်မရှိတော့ ဒီဗလီကြီးကိုပဲ လာရတာလဲ ပါတာပေါ့ဗျာ. ဘယ်လိုပဲပြောပြော နေလို့ အေးတဲ့အတွက် အရမ်းကောင်းပါတယ်. ဗလီပုံကိးမှာ တိုင်အမြင့်ကြီး လေးတိုင်တွေ့ကြမှာပေါ. အဲဒီတိုင်လေးတိုင် ထိပ်မှာ လခြမ်းပုံသဏ္ဍာန် ရွေသားစစ်စစ်တွေ တပ်ဆင်ထားပါတယ်. ဘာအဓ္ဓိပါယ်လဲတော့ ကျနော်လဲ မသိပါဘူး. သူ့အကြောင်းကိုတော့ ဒီလောက်ပဲပေါ့ဗျာ. ဒီထက်ပိုသိချင်ရင...
အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁)
- Get link
- X
- Other Apps
ကျနော့်ရဲ့ဆိုက်လေးကို အားပေးတဲ့သူရှိတယ်ဆိုလို့. ဒီနိုင်ငံရဲ့ အထင်ကရနေရာလေးတွေ အကြောင်း ရေးပေးစေချင်စိတ်လေး ပေါ်လာလို့ ဗဟုသူတဖြစ်စေရန် ရေးလိုက်တာပါ. ကျနော်နေတဲ့အစ္စလာဘာမာဘတ်မြို့တော်မှာတော့ ဖိုက်ဆယ်မော့(Faisal Mosque)ဆိုတဲ့ဗလီကြီးက ဒီမှာ အထင်ကရဗလီပါပဲ. ဒီဗလီကြီးက ပါကစ္စတန်နိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး တောင်အာရှဒေသမှာလဲ အကြီးဆုံးလို့ သိရပါတယ်. ကမ္ဘာမှာတော့ စတုတအကြီးဆုံးလို့ သိရပါတယ်. ၁၉၈၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိတော့ ကမ္ဘာမှာ အကြီးဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမြို့က Hussan II Mosque နဲ့ ဆော်ဒီနိုင်ငံ၊ မက်ကာမြို့က Masjid al-Haram နဲ့ မဒီနားမြို့က Al-Masjid al-Nabawi တို့ တည်ဆောက်ပြီးသွားတဲ့အခါမှာတော့ နံပတ်(၄)နေရာကို ရောက်သွားပါတော့တယ်.
ပါကစ္စတန်နှင့်တာလီဘန်
- Get link
- X
- Other Apps
ပါကစ္စတန်မှာ နေရတဲ့ကာလအတွင်းမှာ တော်တော်လေးကို အန္တရာယ်များပါတယ်. ဈေးဝယ်ပဲထွက်ထွက် အလည်အပတ်ပဲသွားသွား ဘယ်နေရာမှာမှ စိတ်အေးလက်အေး မနေရဲပါဘူး. မထင်မှတ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေက အမြဲလိုလို ဖြစ်နေတော့ နောက်ကြောင်းမအေးရပါဘူး. တော်တော် ကြောက်စရာကောင်းပါတယ်. ကျနော်ရောက်တာ ၃ နှစ်ထဲကို ရောက်နေပါပြီ. လူမသေ ဗုံးမခွဲတဲ့နေ့ရယ်လို့ တစ်ရက်မှ မရှိပါဘူး. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောတာပါ. တစ်နေရာရာမှာတော့ ဗုံးကွဲ သူသေတဲ့သတင်းတွေက ဘယ်သတင်းစာကိုပဲ ဖတ်ဖတ် ပါနေတာပါဘဲ. ဘာလို့များ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေကြလဲ မပြောတတ်ပါဘူးဗျာ. ဒါကလဲ တာလီဘန်ဆိုတဲ့ ဘာသာရေးအစွန်းရောက်တွေကြောင့်ပါပဲ. လက်နက်တွေကလဲ လွတ်လပ်စွာဝယ်ယူခွင့်ရနေကြတော့ သတ်လိုက်ကြတာ နေ့စဉ်နဲ့အမျှပါပဲ. ဘာသာဂိုဏ်းကွဲတွေ အချင်းချင်း သတ်လိုက်ကြ. နိုင်ငံရေးပါတီအချင်းချင်း မသင့်မြတ်မှုတွေကြောင့်သတ်လိုက်ကြ. လူမျိုးစုအချင်းချင်း သတ်လိုက်ကြ. ဒီကြားထဲ ဆွေမျိုးသားချင်း အမွေလုကြလို့ သတ်လိုက်ကြ. ညီမလုပ်တဲ့သူက သူ့ကြိုက်တဲ့သူ ယူလိုက်လို့ အစ်ကိုတွေမောင်တွေက သတ်လိုက်ကြနဲ့ သတ်လို့ကို မကုန်ကြပါဘူး. သူတို့ဓလေ့ကလဲ မိန်းခလေးတွေက မိဘ...
မရေးဖြစ်တာကြာတဲ့ သမီးလေးအကြောင်း
- Get link
- X
- Other Apps
ကျနော်လဲ အလုပ်တွေများနေတာနဲ့ မရေးဖြစ်တာကြာခဲ့ပါပြီ. ဒီတော့ ကျနော်သမီးလေးအကြောင်း နည်းနည်းအဆက်ပြတ်သွားတာပေါ့. အခုဆိုရင် သမီးလေးက (၃)နှစ်ကျော်သွားပါပြီ. အရမ်းလဲ စကားတွေတတ်နေပါပြီ. အရမ်းလဲ ဆော့ပါတယ်. ကျနော်တို့လည်း မဝေးတော့တဲ့ကာလတစ်ခုမှာ အမိမြန်မာပြည်ကို ပြန်ရပါတော့မယ်. သမီးလေးအတွက် အဖော်တွေ အများကြီး တွေ့ရတော့မှာပါ. သမီးလေးလဲ ပျော်နေပါပြီ ပြန်ရတော့မှာမို့ပါ. အဲရိုးပလိန်းနဲ့ပြန်မယ်လို့ အမြဲပြောနေပါပြီ. သမီးလေးလဲ ဒီမှာနေရတာ ပျင်းနေလောက်ပါပြီ. အဖိုးအဖွားတွေလဲ မျှော်နေကြပါပြီ. အချိန်တွေ မြန်မြန်ကုန်ချင်ပါပြီ. သမီးလေးရဲ့လက်ရှိအရွယ်ပုံလေး မြင်စေချင်လို့ တင်ပေးလိုက်တာပါ.
(၄)နှစ်မြောက်မင်္ဂလာ
- Get link
- X
- Other Apps
မတ်လ(၅)ရက်နေ့က အိမ်ထောင်သက်(၄)နှစ်ပြည့်ပါတယ်. (၄)နှစ်အတွင်း သမီးလေး(၁)ယောက် ထွန်းကားခဲ့ပါတယ်. အခု သမီးလေးက လာမည့်ဧပြီ(၂၃)ဆို ၃ နှစ်ပြည့်ပါမယ်. စကားတွေ ပြောနေပါပြီ. ဒီအရွယ်မှာ အဘိုးအဘွားတွေနဲ့အတူနေရရင် သိပ်ချစ်ကြမှာပါ. ဒီမှာတော့ သမီးလေးက ကုလားမလေးနဲ့ပဲ အဖော်ပြုနေရပါတယ်. ဒီတော့ ကုလားမလေး ပြောတဲ့အတိုင်း ဘာတွေပြောနေမှန်းမသိပါဘူး. မြန်မာပြည်ပြန်ရောက်မှပဲ မြန်မာခလေးတွေနဲ့ဆော့ရတော့မယ်. အဖော်အရမ်းမက်ပါတယ်. အရမ်းလဲ ဆော့ပါတယ်.