ရှားရှားပါးပါး ပါကစ္စတန်မှ ဗုဒ္ဒအမွေအနှစ်များ









ကျနော်လဲ အရင်က မသိခဲ့ပါဘူး. ပါကစ္စတန်ကို ရောက်မှပဲ အဆိုးဝါးဆုံးမွတ်စလင်နိုင်ငံထဲမှာ ဒီလောက်ဘာသာရေးအစွန်းရောက်တဲ့နေရာမှာ ဗုဒ္ဓရဲ့ရှေးဟောင်းအမွေအနှစ်တွေ ရှိနေတာ အံ့အားသင့်စရာပါ. အဲဒီနေရာလေးကတော့ ကျနော်နေတဲ့ အစ္စလာမာဘတ်မြို့အနောက်မြောက်ဘက် မိုင်(၂၀)လောက်အကွာမှာ တည်ရှိပါတယ်. တက္ကစီလာလို့ ခေါ်ပါတယ်. သမိုင်းကြောင်းအရတော့ ခရစ်တော်မပေါ်မီ ဘီစီ ၆ ရာစုနှစ်လောက်ကတည်းက ဒီနေရာဟာ ဂန္ဒာရန်မြို့ဆိုပြီး ဟင်ဒူနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ စာပေများ သင်ယူရာ ကျောင်းတော်ကြီး တက္ကသီလာဆိုတာ လို့ သိရပါတယ်. ရှေးအကျဆုံး အစောဆုံး တက္ကသိုလ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်. ဒီလောက်ဆိုးသွမ်းအစွန်းရောက်တဲ့သူတွေရှိတဲ့နေရာမှာ ရှားရှားပါးပါးဖြစ်ခဲ့တော့ ဖျက်ဆီးခံထားရတဲ့ စေတီတွေ၊ ရုပ်ပွားတော်တွေ တော်တော် နှမြောဖို့ ကောင်းပါတယ်. ဒါပေမယ့် ၁၉၈၀ခုနှစ်အတွင်းမှာတော့ ယူနက်စကိုက ဒီနေရာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့တော့ ထပ်မံဖျက်ဆီး မခံရတော့ဘူးလို့ လေ့လာသိရှိရပါတယ်. ဒီနိုင်ငံအစိုးရကလည်း ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားမယ့်ဒီနေရာကို ထိန်းသိမ်းထားခဲ့ပါတော့တယ်. တက္ကစီလာမျူစီယမ်မှာ ဗုဒ္ဓရဲ့ အမွေအနှစ်တွေကို ပြသထားပါတယ်. ကျနော်တို့ ငယ်ငယ်က ဖတ်ခဲ့ သင်ခဲ့ဖူးတဲ့ တက္ကသီလာက ဒိသာပါမောက္ခဆရာကြီးရှိတာ ဒီမြို့ပဲလို့ သုံးသပ်ရပါတယ်. ဗဟုသုတရရှိစေရန်အလို့ငှာ ဓာတ်ပုံလေးတွေနဲ့ ဖော်ပြလိုက်ပါတယ်.

Comments

  1. ရှားရှားပါးပါး ပါကစ္စတန်မှ ဗုဒ္ဒအမွေအနှစ်တွေကို ရှာဖွေတင်ဆက်တာကောင်းပါတယ် ။ သာဓုခေါ်ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

My Happiest Family

အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁)