(၄)နှစ်မြောက်မင်္ဂလာ
မတ်လ(၅)ရက်နေ့က အိမ်ထောင်သက်(၄)နှစ်ပြည့်ပါတယ်. (၄)နှစ်အတွင်း သမီးလေး(၁)ယောက် ထွန်းကားခဲ့ပါတယ်. အခု သမီးလေးက လာမည့်ဧပြီ(၂၃)ဆို ၃ နှစ်ပြည့်ပါမယ်. စကားတွေ ပြောနေပါပြီ. ဒီအရွယ်မှာ အဘိုးအဘွားတွေနဲ့အတူနေရရင် သိပ်ချစ်ကြမှာပါ. ဒီမှာတော့ သမီးလေးက ကုလားမလေးနဲ့ပဲ အဖော်ပြုနေရပါတယ်. ဒီတော့ ကုလားမလေး ပြောတဲ့အတိုင်း ဘာတွေပြောနေမှန်းမသိပါဘူး. မြန်မာပြည်ပြန်ရောက်မှပဲ မြန်မာခလေးတွေနဲ့ဆော့ရတော့မယ်. အဖော်အရမ်းမက်ပါတယ်. အရမ်းလဲ ဆော့ပါတယ်.