Posts

Showing posts from October, 2008

ပါကစ္စတန်အကြောင်းတစေ့တစောင်း

ကျနော် ပါကစ္စတန်သို့ရောက်တာ တစ်နှစ်နှင့်ခုနှစ်လ ရှိပါပြီ. အရမ်း ပျင်းစရာကောင်းပါတယ်. သူတို့ရဲ့ လူနေမှုစနစ်နှင့် ဓလေ့ထုံးတမ်းများအရ ပျော်ပွဲရွှင်ပွဲဆိုတာ မရှိပါဘူး. သူတို့ရဲ့ ပျော်ရွှင်စရာတစ်ခုက သူတို့ရဲ့ ဥပုသ်ထွက်ကာလလေး တစ်ခုပဲ ရှိပါတယ်. အဲဒီမှာ သူတို့ ဈေးဆိုင်တွေက ဈေးလျှော့ရောင်းတာလေးများနှင့် ခလေးနဲ့မိန်းခလေး အသုံးအဆောင် ဖန်လက်ကောက် ၊ ပလပ်စတစ်လက်ကောက်လေးများ ရောင်းချတတ်ပြီး သူတို့ လှည့်လည် ပျော်ရွှင်နေတတ်ကြပါတယ်. အလည်ထွက်စရာ ကစားကွင်းကလည်း သိပ်များများစားစားမရှိပဲ. တိရစ္ဆာန်ရုံကလည်း ကျားတစ်ကောင်နှင့် ဆင်တစ်ကောက်သာ ကြည့်စရာ ရှိပါတယ်. တော်တော်ကို ပျင်းစရာ ကောင်းပါတယ်. အမှန်ပြောရရင် နိုင်ငံခြားသာ ပြောရသည်. ကျနော်တို့ နိုင်ငံလောက်တောင် ပျော်စရာ မကောင်းပါဘူး. ဒီလိုနဲ့ ကြိတ်မှိတ်နေထိုင်ရင်း နေလာခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့၇လ ရှိသွားပါပြီ. နောက်တစ်နှစ်ကျော်ကျော်ဆို ပြန်ရပါတော့မယ်. မြန်မြန်ပြည့်ချင်လှပါပြီ. အရမ်းပျင်းလို့ပါ. ပိုက်ဆံသာ ကိုယ့်နိုင်ငံထက် ပိုမရရင် ပြန်ဖြစ်တာ ကြာပါပြီ. ဒီနေ့တော့ ဒီလောက်ပါပဲ.ကျေးဇူးတင်ပါတယ်.
Image
သမီးလေးနဲ့ သမီးလေးရဲ့မေမေ ကျနော့်ဇနီး ဖြစ်ပါတယ်. ကျနော် ရုံးသွားလျှင် အိမ်မှာ သားအမိနှစ်ယောက်တည်း နေခဲ့ရပါတယ်. ဒီတော့ သူတို့ ပျင်းကြတာပေါ့.
ဒီနေ့ ကျနော်တို့ရဲ့သမီးလေး ၂နှစ်ခွဲ ပြည့်တဲ့နေ့ပါ. သမီးလေးအတွက် ကျနော်တို့ ဆုတောင်းပေးခဲ့ကြပါတယ်. သမီးလေး သက်ရှည် ကျန်းမာ ၍ ပညာတတ်ကြီးဖြစ်ပါစေလို့ပေါ့. ကျနော်ကတော့ သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်ပါတယ်. ပညာတတ်မှ သမီးလေးရဲ့ဘ၀ အေးချမ်းစွာ နေထိုင်နိုင်မှာပါ. ကျနော်လည်း မိဘများရဲ့ ပညာအမွေလေး ပေးလိုက်မှုကြောင့် ယခုလို နိုင်ငံခြားမှာ လာရောက်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့်ရတာပါ. ဒါကြောင့် သမီးလေးကိုလည်း ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့. ကျနော်ကိုယ်တိုင်လည်း လက်ရှိဘ၀မှာတင် တတ်နိုင်သလောက် ပညာကုသိုလ်တွေ လုပ်ပေးနေတဲ့အတွက် ကျနော့်သမီးလေးအတွက်လည်း ကျနော့်ဆုတောင်း ပြည့်မယ်လို့ ယုံကြည်နေပါတယ်.
မိတ်ဆွေများခင်ဗျား ကျနော် ဒီနေ့ အစောပြန်ရမယ် ထင်ပါတယ်. အလုပ်ကတော့ ပြီးပါတော့မယ်. ကျနော်လည်း အစောပြန်ချင်ပါတယ်. ဘာလို့လဲဆိုတော့ အိမ်မှာ ကျနော့် သမီးလေး က ကစားဖို့ စောင့်နေမယ်လေ. သမီးမှာက အဖော်မရှိတော့ အဖေနဲ့ပဲ ဆော့ရတယ်လေ. သမီးမေမေကလဲ အိမ်အလုပ်တွေနဲ့ဆိုတော့ သူနဲ့ မကစားနိုင်ဘူးပေါ့. သမီးလေးက သနားစရာပါ. ဒီမှာ ကစားမယ့် အဖော် မရှိဘူးလေ. မြန်မာပြည်မှာတော့ သမီး ရဲ့ မောင်နှမသားချင်းတွေ အများကြီးပါ. ကျနော်လည်း နောက် တစ်နှစ်ခွဲလောက်ဆို ပြန်ရတော့မှာပါ. အဲဒီအခါကျမှပဲ သမီးလေး ၀အောင် ဆော့ရတော့မယ်. မြန်မြန်ပြန်ချင်ပါပြီ.
Image

သမီးလေးအကြောင်း

သမီးလေးက အခုဆိုရင် စကားတွေ အတော့်ကို ပြောတတ်နေပါပြီ. သူဟာ တစ်နေကုန် အမေနဲ့ နေရတာ ပျင်းနေတတ်ပါတယ်. ကျနော် ရုံးက ပြန်လာရင် ကားပေါ်တက်ပြီး ခြိမ့်ခြိမ့် မောင်းမယ် . လို့ ပြောတတ်နေပါပြီ. ပြီးတော့ သူကိုယ်တိုင် စတီယာရင် ကိုင် တော့တာပါပဲ. ကျနော်ကတော့ ထိန်းပေးရတာပေါ့ . အော် . သမီးလေး နာမည်ပြောဖို့ မေ့နေတယ်. သမီးလေး နာမည် က အေးခြိမ့်ခြိမ့်ကျော် ပါ. ခြိမ့်ခြိမ့် လို့ ခေါ် ပါတယ်. သမီးလေးက နိုင်ငံခြားမှာ နေရတာဆိုတော့ အဖော်အရမ်းမက်ပါတယ်. သူနဲ့ကစားမဲ့သူက အိမ်ရှေ့အိမ်က ကုလားမလေး ပဲ ရှိပါတယ်. သူကလည်း တစ်ခါတစ်လေမှ ထွက်လာတတ်ပါတယ်. မြန်မာပြည်မှာတော့ သမီးရဲ့ မောင်နှမ သားချင်းတွေ အများကြီးရှိပါတယ်. မြန်မာပြည် ပြန်ရောက်ရင် သူပျော်သွားမှာပါ. တော်သေးပြီ သမီးလေးအကြောင်း နောက်မှ ဆက်ပြီး ပြောတော့မယ်

My Happiest Family

မိတ်ဆွေများခင်ဗျား ကျနော် ၏ အကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်. ကျနော်တို့မိသားစု(၃)ယောက်ရှိပါတယ်. ကျနော်ရယ်. ကျနော်၏ ချစ်စရာကောင်းသော (တစ်ခါတစ်ရံကျွတ်ဆတ်ဆတ်နိုင်သည်မှလွဲပြီး)ဇနီးရယ်. ချစ်လှစွာသော သမီးလေးရယ်ပါ. သမီးလေးက အခုဆိုရင် ၂ နှစ်နဲ့ ၅ လ ရှိပါပြီ.