နောက်ကျပြန်တာပဲ Get link Facebook X Pinterest Email Other Apps - November 04, 2008 ဒီနေ့လဲ နောက်ကျပြန်ပါပြီဗျာ. အလုပ်က အဲဒီလိုပါပဲ. မပြီးနိုင်မစီးနိုင်နဲ့ပါ. အလုပ်မပြီးတော့ အိမ်ပြန်နောက်ကျတာပေါ့ဗျာ. ကျနော်အိမ်ပြန်နောက်ကျတော့ သမီးလေးက မျှော်နေမှာပေါ့. သူက ဆော့မယ့်သူ မျှော်နေတတ်တာလေ. Get link Facebook X Pinterest Email Other Apps Comments
My Happiest Family - October 21, 2008 မိတ်ဆွေများခင်ဗျား ကျနော် ၏ အကြောင်းကို အနည်းငယ် တင်ပြလိုပါတယ်. ကျနော်တို့မိသားစု(၃)ယောက်ရှိပါတယ်. ကျနော်ရယ်. ကျနော်၏ ချစ်စရာကောင်းသော (တစ်ခါတစ်ရံကျွတ်ဆတ်ဆတ်နိုင်သည်မှလွဲပြီး)ဇနီးရယ်. ချစ်လှစွာသော သမီးလေးရယ်ပါ. သမီးလေးက အခုဆိုရင် ၂ နှစ်နဲ့ ၅ လ ရှိပါပြီ. Read more
အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁) - July 15, 2009 ကျနော့်ရဲ့ဆိုက်လေးကို အားပေးတဲ့သူရှိတယ်ဆိုလို့. ဒီနိုင်ငံရဲ့ အထင်ကရနေရာလေးတွေ အကြောင်း ရေးပေးစေချင်စိတ်လေး ပေါ်လာလို့ ဗဟုသူတဖြစ်စေရန် ရေးလိုက်တာပါ. ကျနော်နေတဲ့အစ္စလာဘာမာဘတ်မြို့တော်မှာတော့ ဖိုက်ဆယ်မော့(Faisal Mosque)ဆိုတဲ့ဗလီကြီးက ဒီမှာ အထင်ကရဗလီပါပဲ. ဒီဗလီကြီးက ပါကစ္စတန်နိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး တောင်အာရှဒေသမှာလဲ အကြီးဆုံးလို့ သိရပါတယ်. ကမ္ဘာမှာတော့ စတုတအကြီးဆုံးလို့ သိရပါတယ်. ၁၉၈၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိတော့ ကမ္ဘာမှာ အကြီးဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမြို့က Hussan II Mosque နဲ့ ဆော်ဒီနိုင်ငံ၊ မက်ကာမြို့က Masjid al-Haram နဲ့ မဒီနားမြို့က Al-Masjid al-Nabawi တို့ တည်ဆောက်ပြီးသွားတဲ့အခါမှာတော့ နံပတ်(၄)နေရာကို ရောက်သွားပါတော့တယ်. Read more
Comments
Post a Comment