ကမ္ဘ့ာ ဒုတိယအကြီးဆုံး ဆားမိုင်းကြီး

တစ်နှစ်လျှင် လာရောက်လည်ပတ်သူပေါင်း ၄၀၀၀၀ ကျော်ရှိတယ်လို့ ပြောတဲ့ ပါကစ္စတန်ရဲ့ ဆားမိုင်းကြီးသို့ အလည်အပတ်သွားရောက်ခဲ့ပါတယ်. ဒီဆားမိုင်းကြီးက သက်တမ်းအရင့်ဆုံး ဆားမိုင်းကြီးလို့ ပြောပါတယ်. အစ္စလာမာဘတ်မြို့နဲ့ ကီလိုမီတာ ၁၆၀ လောက် ဝေးတဲ့ ပန်ဂျပ်ပြည်နယ် ဂျူလမ်ခရိုင် အတွင်းက ခရူးရာ ကျေးရွာမှာ တည်ရှိပါတယ်. ဒီဆားမိုင်းကြီးကို ဘီစီ ၃၂၀ လောက်က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်. မြေအောက်မှာ စတုရန်းကီလိုမီတာ ၁၁၀ လောက် ကျယ်ဝန်းတယ်လို့ သိရပါတယ်. ဒီ ဆားမိုင်းကြီးမှာ ဆားတုန်းကြီးတွေ စုစုပေါင်း သန်း ၂၂၀ တန် ရှိပြီး တစ်နှစ်လျှင် ဆားတန်ချိန် ၃၂၅၀၀၀ တန် ထုတ်လုပ်တယ်လို့လဲ သိရပါတယ်. ဒီဆားမိုင်းကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၈၈ တွင် တည်ရှိပြီး တောင်အ၀မှ အတွင်းသို့ ၇၅၀ မီတာအထိရှိသည် သိရပါတယ်. အတွင်းသို့ ဥမင်လိုင်ခေါင်းဖောက်လုပ်ထားရာ ၄၀ ကီလိုမီတာ ရှည်လျားပြီး လူစီးရထားတွဲလေးဖြင့် ၀င်ရပါတယ်. ဒီဆားတောင်တွင်ရှိတဲ့ ဆားတုန်းများသည် ၉၀ ရာခိုင်နှုန်း ဆားပါဝင်မှုရှိသည်ဟု သိရပြီး နှစ်ကာလကြာမြင့်သဖြင့် ဆားများသည် ရွှေဝါရောင်များ သန်းနေပြီး အလွန်လှပါသည်။ ဆားတောင် ဥမင်အတွင်းတွင် ဗလီအသေးစားလေးကို အလှဆောက်ထားသည်ကို တွေ့နိုင်သည်။

Comments

  1. လာလည်တဲ့ လူ ၄၀၀၀၀ ထဲအကိုတို့မိသားစု ပါသွားပြီပေါ့ ။

    ReplyDelete

Post a Comment

Popular posts from this blog

My Happiest Family

အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁)