ပါကစ္စတန်မှအထင်ကရဗလီကြီး(၂)

ဒီဗလီကြီးဟာ အကျယ်အ၀န်းအားဖြင့် ဧရိယာစတုန်းရန်ပေ(၅၄၀၀၀)ဖြစ်ပြီး ဘုရားဝတ်ပြုသူ သုံးသိန်း တစ်ပြိုက်နက် ထိုင်ကန်တော့နိုင်တယ်လို့ သိရပါတယ်. Main Hall ကြီးက လူ တစ်သိန်း ဆံ့ပြီး အပြင် ရင်ပြင်ပေါ်မှာတော့ နှစ်သိန်း ဆံ့တယ်လို့ သိရပါတယ်. ဒီဗလီကြီးကို ဆော်ဒီအာရေးဗီးယားနိုင်ငံဘုရင် Faisal bin Abdul Aziz က ပါကစ္စတန်ကို အလည်လာရင်း လက်ဆောင်အဖြစ် တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်. ဒါကြောင့်လဲ သူ့ကို အစွဲပြုပြီး Faisal Mosque လို့ အမည်ပေးခဲ့တာပါတဲ့. ကျနော်တို့မိသားစု ပျင်းတဲ့အခါမှာတော့ ဒီဗလီကြီးကို သွားပြီး လည်ပတ်ကြပါတယ်. အရိပ်အရမ်းကောင်းတဲ့အတွက် အလွန်အေးမြပါတယ်. နွေရာသီ ပူတဲ့အခါမှာ လူအရမ်းစည်ကားပါတယ်. အရိပ်လာခိုရင်း ဘုရားဝတ်ပြုလာကြတာပေါ့ဗျာ. ကျနော်တို့ကတော့ အရိပ်ခိုသတ်သတ်ပေါ့. တခြားသွားစရာနေစရာလဲ သိပ်မရှိတော့ ဒီဗလီကြီးကိုပဲ လာရတာလဲ ပါတာပေါ့ဗျာ. ဘယ်လိုပဲပြောပြော နေလို့ အေးတဲ့အတွက် အရမ်းကောင်းပါတယ်. ဗလီပုံကိးမှာ တိုင်အမြင့်ကြီး လေးတိုင်တွေ့ကြမှာပေါ. အဲဒီတိုင်လေးတိုင် ထိပ်မှာ လခြမ်းပုံသဏ္ဍာန် ရွေသားစစ်စစ်တွေ တပ်ဆင်ထားပါတယ်. ဘာအဓ္ဓိပါယ်လဲတော့ ကျနော်လဲ မသိပါဘူး. သူ့အကြောင်းကိုတော့ ဒီလောက်ပဲပေါ့ဗျာ. ဒီထက်ပိုသိချင်ရင်တော့ အင်တာနက်မှာ Faisal Mosque in Pakistan လို့ရိုက်ထည့်ပြီး ရှာဖတ်နိုင်ပါတယ်. နောက်အပတ်ကျရင်တော့ နောက်တစ်ခုပေါ့.ရှားပါးတဲ့ လည်စရာပတ်စရာလေးတွေထဲကနေ တတ်နိုင်သလောက် ရေးပေးသွားပါ့မယ်.
အားပေးနေပါတယ် ဆက်လက်ရေးသားပါ ဗဟုသုတရပါတယ်
ReplyDelete