ပါကစ္စတန်နှင့်တာလီဘန်

ပါကစ္စတန်မှာ နေရတဲ့ကာလအတွင်းမှာ တော်တော်လေးကို အန္တရာယ်များပါတယ်. ဈေးဝယ်ပဲထွက်ထွက် အလည်အပတ်ပဲသွားသွား ဘယ်နေရာမှာမှ စိတ်အေးလက်အေး မနေရဲပါဘူး. မထင်မှတ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေက အမြဲလိုလို ဖြစ်နေတော့ နောက်ကြောင်းမအေးရပါဘူး. တော်တော် ကြောက်စရာကောင်းပါတယ်. ကျနော်ရောက်တာ ၃ နှစ်ထဲကို ရောက်နေပါပြီ. လူမသေ ဗုံးမခွဲတဲ့နေ့ရယ်လို့ တစ်ရက်မှ မရှိပါဘူး. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောတာပါ. တစ်နေရာရာမှာတော့ ဗုံးကွဲ သူသေတဲ့သတင်းတွေက ဘယ်သတင်းစာကိုပဲ ဖတ်ဖတ် ပါနေတာပါဘဲ. ဘာလို့များ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေကြလဲ မပြောတတ်ပါဘူးဗျာ. ဒါကလဲ တာလီဘန်ဆိုတဲ့ ဘာသာရေးအစွန်းရောက်တွေကြောင့်ပါပဲ. လက်နက်တွေကလဲ လွတ်လပ်စွာဝယ်ယူခွင့်ရနေကြတော့ သတ်လိုက်ကြတာ နေ့စဉ်နဲ့အမျှပါပဲ. ဘာသာဂိုဏ်းကွဲတွေ အချင်းချင်း သတ်လိုက်ကြ. နိုင်ငံရေးပါတီအချင်းချင်း မသင့်မြတ်မှုတွေကြောင့်သတ်လိုက်ကြ. လူမျိုးစုအချင်းချင်း သတ်လိုက်ကြ. ဒီကြားထဲ ဆွေမျိုးသားချင်း အမွေလုကြလို့ သတ်လိုက်ကြ. ညီမလုပ်တဲ့သူက သူ့ကြိုက်တဲ့သူ ယူလိုက်လို့ အစ်ကိုတွေမောင်တွေက သတ်လိုက်ကြနဲ့ သတ်လို့ကို မကုန်ကြပါဘူး. သူတို့ဓလေ့ကလဲ မိန်းခလေးတွေက မိဘပေးစားတဲ့ အမျိုးချင်း ပြန်ယူကြရတာပါ. အခု နည်းနည်းခေတ်မီလာတဲ့အခါကျတော့ တစ်ချို့ မိန်းခလေးတွေက ရည်းစားလဲ ထားတတ်လာကြတယ်. သူတို့ကြိုက်တာလဲ ယူချင်လာကြတာပေါ. တကယ်တော့ သူတို့ရဲ့ ထုံးစံကိုက တင်းကျပ်လွန်းတာပါ. တော်တော်ဆိုးတဲ့ တိုင်းပြည်ဗျာ. ကိုယ့်အိမ်ကိုယ်တောင် လွတ်လွတ်လပ်လပ်မနေကြရပါဘူး. ပူလွန်းလို့ စွပ်ကျယ်လက်ပြတ်လေးနဲ့ နေမလားအောက်မေ့ပါတယ်. ဘေးအိမ်က လာပြီး ပြောတယ်ဗျ. အလွန်ကို ဆိုးပါတယ်. စိတ်ကုန်တယ်.

Comments

  1. အကို လက်ပြတ် အင်္ကျီနဲ့တောင် နေလို့မရတဲ့ နိုင်ငံမှာ အသက်ဘေးကလဲ စိုးရိမ်ရသေးတယ်နော် ။ ဘာသာရေးအားကောင်းတဲ့ အကို့အတွက်ကတော့ ဘေးကင်းမှာပါ ။

    ReplyDelete

Post a Comment

Popular posts from this blog

My Happiest Family

အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁)