Posts

(၄)နှစ်မြောက်မင်္ဂလာ

မတ်လ(၅)ရက်နေ့က အိမ်ထောင်သက်(၄)နှစ်ပြည့်ပါတယ်. (၄)နှစ်အတွင်း သမီးလေး(၁)ယောက် ထွန်းကားခဲ့ပါတယ်. အခု သမီးလေးက လာမည့်ဧပြီ(၂၃)ဆို ၃ နှစ်ပြည့်ပါမယ်. စကားတွေ ပြောနေပါပြီ. ဒီအရွယ်မှာ အဘိုးအဘွားတွေနဲ့အတူနေရရင် သိပ်ချစ်ကြမှာပါ. ဒီမှာတော့ သမီးလေးက ကုလားမလေးနဲ့ပဲ အဖော်ပြုနေရပါတယ်. ဒီတော့ ကုလားမလေး ပြောတဲ့အတိုင်း ဘာတွေပြောနေမှန်းမသိပါဘူး. မြန်မာပြည်ပြန်ရောက်မှပဲ မြန်မာခလေးတွေနဲ့ဆော့ရတော့မယ်. အဖော်အရမ်းမက်ပါတယ်. အရမ်းလဲ ဆော့ပါတယ်.
ကျနော် ပါကစ္စတန်ကို ရောက်တာ (၂)နှစ်ပြည့်ပါတော့မယ်. မတ်လ(၁၄)ဆိုရင်ပေါ့. နောက်ထပ် တစ်နှစ်ကျန်ပါသေးတယ်. မြန်မြန်ပြည့်ချင်လှပါပြီ. ပါကစ္စတန်ဟာ ပျော်စရာမကောင်းပါဘူး. နောင်လာနောက်သားများ ရွေးချယ်ခွင့် ကြုံခဲ့ရင် ပါကစ္စတန်ကို မရွေးချယ်ကြဖို့ အကြံပြုချင်ပါတယ်.

သမီးလေးအကြိုက် ရက်မလိုက်(ကုလားအမည်)

Image
မနေ့က သမီးလေးအတွက် ရုံးကအပြန်တွင် မလိုင်တစ်ဘူး ၀ယ်သွားပါတယ်. သမီးလေး ကြိုက်မယ်ထင်လို့ ၀ယ်သွားလိုက်တာ ထင်တဲ့အတိုင်းပါပဲ သမီးလေး တော်တော်စားလိုက်ပါတယ်. သမီးလေး အစားစားလေ ကျနော် ၀မ်းသာလေပါပဲ. ကျနော်က သမီးလေးကို ၀.စေချင်တာပါ. ဒါကြောင့် သမီးလေး အစာ အများကြီး စားတဲ့နေ့ဆို အရမ်း ပီတိဖြစ်ရပါတယ်.

နောက်ကျပြန်တာပဲ

ဒီနေ့လဲ နောက်ကျပြန်ပါပြီဗျာ. အလုပ်က အဲဒီလိုပါပဲ. မပြီးနိုင်မစီးနိုင်နဲ့ပါ. အလုပ်မပြီးတော့ အိမ်ပြန်နောက်ကျတာပေါ့ဗျာ. ကျနော်အိမ်ပြန်နောက်ကျတော့ သမီးလေးက မျှော်နေမှာပေါ့. သူက ဆော့မယ့်သူ မျှော်နေတတ်တာလေ.

ပါကစ္စတန်အကြောင်းတစေ့တစောင်း

ကျနော် ပါကစ္စတန်သို့ရောက်တာ တစ်နှစ်နှင့်ခုနှစ်လ ရှိပါပြီ. အရမ်း ပျင်းစရာကောင်းပါတယ်. သူတို့ရဲ့ လူနေမှုစနစ်နှင့် ဓလေ့ထုံးတမ်းများအရ ပျော်ပွဲရွှင်ပွဲဆိုတာ မရှိပါဘူး. သူတို့ရဲ့ ပျော်ရွှင်စရာတစ်ခုက သူတို့ရဲ့ ဥပုသ်ထွက်ကာလလေး တစ်ခုပဲ ရှိပါတယ်. အဲဒီမှာ သူတို့ ဈေးဆိုင်တွေက ဈေးလျှော့ရောင်းတာလေးများနှင့် ခလေးနဲ့မိန်းခလေး အသုံးအဆောင် ဖန်လက်ကောက် ၊ ပလပ်စတစ်လက်ကောက်လေးများ ရောင်းချတတ်ပြီး သူတို့ လှည့်လည် ပျော်ရွှင်နေတတ်ကြပါတယ်. အလည်ထွက်စရာ ကစားကွင်းကလည်း သိပ်များများစားစားမရှိပဲ. တိရစ္ဆာန်ရုံကလည်း ကျားတစ်ကောင်နှင့် ဆင်တစ်ကောက်သာ ကြည့်စရာ ရှိပါတယ်. တော်တော်ကို ပျင်းစရာ ကောင်းပါတယ်. အမှန်ပြောရရင် နိုင်ငံခြားသာ ပြောရသည်. ကျနော်တို့ နိုင်ငံလောက်တောင် ပျော်စရာ မကောင်းပါဘူး. ဒီလိုနဲ့ ကြိတ်မှိတ်နေထိုင်ရင်း နေလာခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့၇လ ရှိသွားပါပြီ. နောက်တစ်နှစ်ကျော်ကျော်ဆို ပြန်ရပါတော့မယ်. မြန်မြန်ပြည့်ချင်လှပါပြီ. အရမ်းပျင်းလို့ပါ. ပိုက်ဆံသာ ကိုယ့်နိုင်ငံထက် ပိုမရရင် ပြန်ဖြစ်တာ ကြာပါပြီ. ဒီနေ့တော့ ဒီလောက်ပါပဲ.ကျေးဇူးတင်ပါတယ်.
Image
သမီးလေးနဲ့ သမီးလေးရဲ့မေမေ ကျနော့်ဇနီး ဖြစ်ပါတယ်. ကျနော် ရုံးသွားလျှင် အိမ်မှာ သားအမိနှစ်ယောက်တည်း နေခဲ့ရပါတယ်. ဒီတော့ သူတို့ ပျင်းကြတာပေါ့.
ဒီနေ့ ကျနော်တို့ရဲ့သမီးလေး ၂နှစ်ခွဲ ပြည့်တဲ့နေ့ပါ. သမီးလေးအတွက် ကျနော်တို့ ဆုတောင်းပေးခဲ့ကြပါတယ်. သမီးလေး သက်ရှည် ကျန်းမာ ၍ ပညာတတ်ကြီးဖြစ်ပါစေလို့ပေါ့. ကျနော်ကတော့ သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်ပါတယ်. ပညာတတ်မှ သမီးလေးရဲ့ဘ၀ အေးချမ်းစွာ နေထိုင်နိုင်မှာပါ. ကျနော်လည်း မိဘများရဲ့ ပညာအမွေလေး ပေးလိုက်မှုကြောင့် ယခုလို နိုင်ငံခြားမှာ လာရောက်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့်ရတာပါ. ဒါကြောင့် သမီးလေးကိုလည်း ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့. ကျနော်ကိုယ်တိုင်လည်း လက်ရှိဘ၀မှာတင် တတ်နိုင်သလောက် ပညာကုသိုလ်တွေ လုပ်ပေးနေတဲ့အတွက် ကျနော့်သမီးလေးအတွက်လည်း ကျနော့်ဆုတောင်း ပြည့်မယ်လို့ ယုံကြည်နေပါတယ်.