ဒီနေ့ ကျနော်တို့ရဲ့သမီးလေး ၂နှစ်ခွဲ ပြည့်တဲ့နေ့ပါ. သမီးလေးအတွက် ကျနော်တို့ ဆုတောင်းပေးခဲ့ကြပါတယ်. သမီးလေး သက်ရှည် ကျန်းမာ ၍ ပညာတတ်ကြီးဖြစ်ပါစေလို့ပေါ့. ကျနော်ကတော့ သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်ပါတယ်. ပညာတတ်မှ သမီးလေးရဲ့ဘ၀ အေးချမ်းစွာ နေထိုင်နိုင်မှာပါ. ကျနော်လည်း မိဘများရဲ့ ပညာအမွေလေး ပေးလိုက်မှုကြောင့် ယခုလို နိုင်ငံခြားမှာ လာရောက်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့်ရတာပါ. ဒါကြောင့် သမီးလေးကိုလည်း ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့.
ကျနော်ကိုယ်တိုင်လည်း လက်ရှိဘ၀မှာတင် တတ်နိုင်သလောက် ပညာကုသိုလ်တွေ လုပ်ပေးနေတဲ့အတွက် ကျနော့်သမီးလေးအတွက်လည်း ကျနော့်ဆုတောင်း ပြည့်မယ်လို့ ယုံကြည်နေပါတယ်.

Comments

Popular posts from this blog

My Happiest Family

အစ္စလာမာဘတ်မြို့တော်ရဲ့အထင်ကရဗလီကြီး(၁)