သမီးလေးအကြောင်း
သမီးလေးက အခုဆိုရင် စကားတွေ အတော့်ကို ပြောတတ်နေပါပြီ. သူဟာ တစ်နေကုန် အမေနဲ့ နေရတာ ပျင်းနေတတ်ပါတယ်. ကျနော် ရုံးက ပြန်လာရင် ကားပေါ်တက်ပြီး ခြိမ့်ခြိမ့် မောင်းမယ် . လို့ ပြောတတ်နေပါပြီ. ပြီးတော့ သူကိုယ်တိုင် စတီယာရင် ကိုင် တော့တာပါပဲ. ကျနော်ကတော့ ထိန်းပေးရတာပေါ့ . အော် . သမီးလေး နာမည်ပြောဖို့ မေ့နေတယ်. သမီးလေး နာမည် က အေးခြိမ့်ခြိမ့်ကျော် ပါ. ခြိမ့်ခြိမ့် လို့ ခေါ် ပါတယ်. သမီးလေးက နိုင်ငံခြားမှာ နေရတာဆိုတော့ အဖော်အရမ်းမက်ပါတယ်. သူနဲ့ကစားမဲ့သူက အိမ်ရှေ့အိမ်က ကုလားမလေး ပဲ ရှိပါတယ်. သူကလည်း တစ်ခါတစ်လေမှ ထွက်လာတတ်ပါတယ်. မြန်မာပြည်မှာတော့ သမီးရဲ့ မောင်နှမ သားချင်းတွေ အများကြီးရှိပါတယ်. မြန်မာပြည် ပြန်ရောက်ရင် သူပျော်သွားမှာပါ.
တော်သေးပြီ သမီးလေးအကြောင်း နောက်မှ ဆက်ပြီး ပြောတော့မယ်
တော်သေးပြီ သမီးလေးအကြောင်း နောက်မှ ဆက်ပြီး ပြောတော့မယ်
Comments
Post a Comment