ကျနော့်ရဲ့ဆိုက်လေးကို အားပေးတဲ့သူရှိတယ်ဆိုလို့. ဒီနိုင်ငံရဲ့ အထင်ကရနေရာလေးတွေ အကြောင်း ရေးပေးစေချင်စိတ်လေး ပေါ်လာလို့ ဗဟုသူတဖြစ်စေရန် ရေးလိုက်တာပါ. ကျနော်နေတဲ့အစ္စလာဘာမာဘတ်မြို့တော်မှာတော့ ဖိုက်ဆယ်မော့(Faisal Mosque)ဆိုတဲ့ဗလီကြီးက ဒီမှာ အထင်ကရဗလီပါပဲ. ဒီဗလီကြီးက ပါကစ္စတန်နိုင်ငံမှာ အကြီးဆုံးဖြစ်ပြီး တောင်အာရှဒေသမှာလဲ အကြီးဆုံးလို့ သိရပါတယ်. ကမ္ဘာမှာတော့ စတုတအကြီးဆုံးလို့ သိရပါတယ်. ၁၉၈၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိတော့ ကမ္ဘာမှာ အကြီးဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမြို့က Hussan II Mosque နဲ့ ဆော်ဒီနိုင်ငံ၊ မက်ကာမြို့က Masjid al-Haram နဲ့ မဒီနားမြို့က Al-Masjid al-Nabawi တို့ တည်ဆောက်ပြီးသွားတဲ့အခါမှာတော့ နံပတ်(၄)နေရာကို ရောက်သွားပါတော့တယ်.
This comment has been removed by the author.
ReplyDelete