Posts

ဘာလိုလိုနဲ့ ၅ နှစ်ပြည့်တော့မယ်
 Blogspot ပြန်သုံးလို့ရသေးလားဟ

ရွှေပြည်ကြီး မဝေးတော့ပြီ......

ကျနော်လဲ ကွန်ပြူတာနဲ့ပတ်သက်တဲ့ တခြားပညာရပ်လေးတွေ လျှောက်ပြီးစမ်းသပ်လေ့ကျင့်နေတာနဲ့ ကျနော့်ဘလော့ထဲကို ဘာမှမရေးဖြစ်တာ ကြာပါပြီ. မကြာခင်လဲ ပြည်တော်ကို ပြန်ရတော့မှာဆိုတော့ ပြင်ဆင်စရာရှိလေးတွေ ပြင်ဆင်ရင်းနဲ့ပေါ့. ပြန်ရဖို့နီးလာလေ ပိုပြီ ပြန်ချင်လေပါပဲ. သူများနိုင်ငံမှာနေရတာကြာလာတော့ အမိနိုင်ငံကို အရမ်းကို ပြန်ချင်တာပဲ. ဒေါ်လာလေး ရလို့ ကြိတ်မှိတ်နေပေမယ့် ကိုယ်ဆီလောက်တော့ မပျော်ပါဘူး.. ဒီမှာ ပိုဆိုးတာက အစ္စလာမ္မစ်နိုင်ငံဖြစ်လေတော့ ပျော်စရာဆိုလို့ ဘာမှကို မရှိတာပါပဲ. အိမ်မှာပဲ တီဗွီထိုင်ကြည့်နေရတယ်. စိတ်အပန်းဖြေစရာဆိုလို့လေ. တစ်ခါတစ်လေ သူတို့ရဲ့ ပန်းခြံဆိုတာထဲသွားပြီး သမီးလေးကစားရအောင် ကစားကွင်း လိုက်ပို့တာကလွဲလို့ပေါ့. အကြမ်းဖက်တိုက်ခိုက်မှုတွေက အခုတလော မြို့တော်အထိ ရောက်နေတာဆိုတော့ ပိုပြီးအပြင်မထွက်တော့ပါဘူး. ဈေးဝယ်သွားရင်တောင် အမြန်ဝယ် အမြန်ထွက်ပါပဲ. ကံကြမ္မာဆိုတာ ပြောလို့မရဘူးလေ. ဒါကြောင့် သတိထားရတာပေါ့.... တစ်လထဲတင် ဗုံးခွဲတိုက်ခိုက်မှုတွေက လေးငါးခြောက်ကြိမ် ဆက်တိုက်ဖြစ်နေတာဆိုတော့ ဘယ်သူမကြောက်ရှိပါတော့မလဲဗျာ. တော်ကြာ ကိုယ့်လုပ်စာလေး ကိုယ်မစားလိုက်ရဖြစ်သွားနိုင်တယ်လေ. သတိ

ကမာ့အုကီးဆုံးသရက်သီး

Image
ကျနော်လဲ ဘာမှမရေးဖြစ်တာကြာပြီ. အလုပ်တွေများနေတော့ ဒီဘက်ကို အာရုံမရဘူးဖြစ်သွားလို့ပါ. ဒါကြောင့်ဘာရေးမလဲ စဉ်းစားတော့ ရေးစရာကလဲ ထူးထူးခြားခြားမရှိဖြစ်နေတယ်. ဒါကြောင့် ဗဟုသုတရလိုရငြား သတင်းစာတစ်ခုမှာတွေ့ခဲ့တဲ့ သရက်သီုးကီးအေုကာင်း ရေးပေးလိုက်ပါတယ်. ဒီသရက်သီုးကီးကတော့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနိုင်ကျွန်းပေါ်မှာရှိတဲ့ အီလီဂယ်မြို့တွင်နေထိုင်သော ဆာဂျီယိုနှင့်မာရီယိုဆိုကော်ရိုးဇနီးမောင်နှံနှစ်ဦး၏နေအိမ်နောက်ဘက်ခြံဝန်းထဲက သရက်ပင်မှာ သီးခဲ့တဲ့သရက်သီုးကီးဖြစ်ပါတယ်. အဲဒီသရက်သီုးကီးက ၃.၅ ကီလိုတောင် လေးပါသတဲ့. အလျားအားဖြင့်တော့ ၁၂ လက်မရှိပြီး အချင်း ၇ လက်မရှိတယ်လို့ သိရပါတယ်. အတော်ကိုကီးတဲ့သရက်သီုးကီးပဲဗျ. ဒါေုကာင့် ဗဟုသုတရစေရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်.

အပန်းဖြေစခန်း မရီး(MUREE)

Image
ဒီအပတ်တော့ အစ္စလာမာဘတ် နေပြည်သူများ အထူးသဖြင့် ငွေကြေးတတ်နိုင်သူများ နွေရာသီအတွင်း နေ့စဉ်သွားရောက်ပြီး အပူရှောင်ကြသည့် တောင်ပေါ်ဒေသလေးတစ်ခုအကြောင်း တင်ပြချင်ပါတယ်. အဲဒါကတော့ ကျနော်တို့က မရီး လို့ ခေါ်တဲ့ (Muree) ဆိုတဲ့ တောင်ပေါ်မြို့လေးပဲ ဖြစ်ပါတယ်.နောက်တစ်မျိုးကတော့ ဒီတောင်ပေါ်ဒေသလေးကို Queen of Mountains လို့ ခေါ်ကြတယ် ပြောပါတယ်. ကျနော်တို့နိုင်ငံမှာ ဆိုရင်တော့ ပြင်ဦးလွင်လို နေရာမျိုးဖြစ်ပါတယ်. ဒီမြို့လေးဟာ ဆောင်းရာသီဆိုရင် နှင်းတွေခဲနေတဲ့ ရေခဲတောင် တစ်ခုလိုပါပဲ. ကျနော်တို့ သွားတာကတော့ နွေရာသီအတွင်း ဖြစ်တဲ့အတွက် ရေခဲကာလ မဟုတ်သေးပါဘူး. နောက်တစ်ခေါက် ရေခဲကာလမှာ သွားကြတော့ ကျန်းမာရေးမကောင်းလို့ မလိုက်နိုင်ခဲ့တဲ့အတွက် ရေခဲပြင်ပေါ်ကိုတော့ ကျနော်လဲ မလျှောက်ဖူးသေးပါဘူး. လာမည့်ဆောင်းရာသီမှာ သွားဖို့ စီစဉ်ထားပါတယ်. ဒီမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၇၅၀၀)အထက်မှာ တည်ရှိပြီး ပါကစ္စတန်မှာရှိတဲ့ အပန်းဖြေစခန်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်. ၁၈၅၀ခုနှစ်ကနေ ၁၉၄၇ခုနှစ်အထိ ဗြိတိသျှတို့ သိမ်းပိုက်ထားစဉ်ကာလအတွင်းမှာတော့ မရီးမြို့ဟာ ဗြိတိသျှတို့ရဲ့ တောင်ပေါ်စခန်းတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်. မရီးမြို့လေး

Snow Lake ရေခဲကန်ကြီးတဲ့

Image
ကျနော်တော့ မရောက်ဖူးသေးပါဘူးဗျာ. ဒါပေမယ့်လဲ အလည်လာမဲ့သူများ သိရှိစေရန် ဒီ ရေခဲကန်ကြီးအကြောင်း ရေးလိုက်ပါတယ်. ဒီရေခဲကန်ကြီးက ပါကစ္စတန်နိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ ရှိပြီး ကာရာကိုရန်တောင်တန်းကြီးပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်. တကယ်တော့ ဒါကြီးက ရေကန်တော့ မဟုတ်ပါဘူးတဲ့. ရေခဲတောင်ပေါ်က ချိုင့်ဝှမ်းကြီးတစ်ခုပါပဲတဲ့. ၁၈၉၂ခုနှစ်လောက်က နိုင်ငံခြားခရီးသွား မာတင်ကွန်ဝေးဆိုတဲ့ လူက Snow Lake လို့ အမည်ပေးခဲ့တယ်လို့ ပြောပါတယ်. ဒီကန်ကြီးက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၆၀၀၀ ကျော်အထက်မှာ ရှိပြီး အကျယ်ကတော့ ၁၀ မိုင် ပတ်လည်လောက် ရှိတယ် ပြောပါတယ်. သွားလာရေးအလွန်ခက်ခဲတာကြောင့် တစ်နှစ်ကို ခရီးသွား ၂၀၀ လောက်သာ ဒီကန်ကြီးကို ရောက်ရှိနိုင်တယ်လို့ ပြောပါတယ်. အစ္စလာမာဘတ်မြို့တော်ကနေ စကာဒူးကို လေယာဉ် သို့မဟုတ် ကား များနဲ့ သွားနိုင်ပြီး အဲဒီကနေ ဒီကန်ကြီးဆီကိုတော့ ဂျစ်ကားအသေးစားလေးတွေနဲ့ သွားရတယ်လို့ သိရပါတယ်. ဒီနိုင်ငံရဲ့ ဗဟုသုတဖြစ်ဖွယ်ရာလေးတွေနဲ့ လှပတဲ့ရှုခင်းလေးတွေကို တင်ပြချင်လို့ ရေးပေးလိုက်တာပါ. ကျနော်ကိုယ်တိုင်လည်း မရောက်ဖူးသေးပါဘူး.ရေခဲကန်ကြီးရဲ့ အလှအပလေးတွေကို ခံစားနိုင်ရန် ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်.